U or oo lay

in #photography6 years ago

ဦးဆိုတာ.......

•အသက်က ၄၀ အထက် ဖြစ်ရမယ်

• အရပ်က အနည်းဆုံး ၅ ပေ ၆ လက်မ ၊
ကိုယ်လုံးတောင့်တောင့်နဲ့ ဗိုက်ကလေးလဲ နည်းနည်းဖြစ်ဖြစ် ထွက်နေရမယ်

• ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်စီးပွားရေး (သို့) အလုပ်တခုခုရှိနေရမယ်

• ဆံပင်အနက်ရောင်ကိုမှ အဖြူ တချို့တဝက်ရောရင်ရောမယ် သပ်သပ်ရပ်ရပ် ညှပ်ထားရမယ်. အပေါစားအရောင်တွေ မဆိုးရဘူး

• အဝတ်အစား ကို သပ်သပ်ရပ်ရပ်ဝတ်တတ်ပြီး၊
တီရှပ်နဲ့ဘောင်းဘီတိုဝတ်ရင်တောင် ကလက်တက်တက် အရွယ်ဖြစ်မနေရဘူး။
ပုဆိုး (သို့) စတိုင်ပင်နဲ့ ရှပ်အင်္ကျီကို စမတ်ကျကျဝတ်ရင်
ကြွေဆင်းနေရမယ်

• စကားပြောရင် တည်တည်တံ့တံ့နဲ့ လေသံကအစ
ပြတ်သားတည်ကြည်နေရမယ်

• အများကြီးဆူစရာမလို "ဦး" မကြိုက်ဘူးနော်ဆိုတာနဲ့ အရာအားလုံးအငြိမ်း

• ဦး စကားဆို မြေဝယ်မကျနားထောင်ချင်စရာ
ဖြစ်နေရမယ်

• တည်ကြည်မှု၊ ဆွဲဆောင်မူ ၊ ပြတ်သားမှု တွေနဲ့
" ဦး"ဆိုတာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိရမယ်

• ဦး မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင် မနေတတ်မထိုင်တတ်
တာနဲ့တင် ရူးသွားရမယ်

တကယ်တော့ ' ဦး ' ဆိုတာ . .
ဥာဏ်ပညာ၊ အတွေ့အကြုံ၊ အနေအထိုင်၊ အလုပ်အကိုင် ဘာဆိုဘာမှ လိုအပ်ချက်ဆိုတာမရှိတဲ့ တည်ငြိမ်နေပြီ
ဖြစ်ပေမယ့် အချစ်ကြီးတတ်ကြတဲ့သူတွေပါလေ......

https://s3.us-east-2.amazonaws.com/partiko.io/img/kochannpt4-u-or-oo-lay-1527222826934.png

Posted using Partiko Android

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord