Gems ( part-6)

in #myanmar6 years ago

ကျောက်မျက် ရတနာတို့ အကြောင်း

ကျောက်စိမ်း ( jade)

ကျောက်စိမ်းတွင် ဂျေဒိုက် နှင့် နက်ဖရိုက်(ဟူ၍အဓိကမျိုးကွဲနှစ်မျိုးရှိပြီးရူပဖွဲ့စည်းပုံသာတူညီ၍ ဓာတုဗေဒဖွဲ့စည်းပုံအပါအ၀င်ကျန်အရည်အသွေးများမှာအလွန်ခြားနားလေ့ရှိကြပါသည် ။

IMG_20180624_111547.png

ကျောက်စိမ်း၏ဖွဲ့စည်းပုံမှာ အခြားကျောက်မျက်များနည်းတူ အစိုင်အခဲတစ်ခု(သို့)နှစ်ခုတွဲ မဟုတ်ပဲ ကောက်ညှင်းပေါင်းကဲ့သို့ ကျောက်မှုန်လေးများစွာစုဖွဲ့ထားသည့်အဆိုင်အခဲအစုအဝေးကြီးဖြစ်ပါသည်။

ထိုအမှုန် လေးများကို မြန်မာဈေးကွက်တွင် “ယမ်း”ဟုခေါ်ဝေါ်ကြပါသည်။

ကျောက်စိမ် ကို မြန်မာနိုင်ငံတွင် ကချင်ပြည် ဒေသ တစ်ဝိုက် မှ အများဆုံး ထွက် ရှိပါသည်။

ကျောက်စိမ်းကို အနောက်တိုင်းသားများက ကြိုက်နှစ်သက်မှုနည်းပါးသော်လည်း အရှေ့တိုင်းသားများ က အထူး
နှစ်ခြိုက် ကြပါသည်။

အထူးသဖြင့် တရုတ်အပါအ၀င် ဂျပန် နှင့်ကိုးရီးယားတို့ တွင်အလွန်အရေးပါသည့် ကျောက်မျက်ဖြစ်ပါသည်။

@tintinnyo

Sort:  

ကျောက်စိမ်းသည်သုးံတတ်လျှင်ဆေးဖက်ဝင်အဖိုးမဖြတ်နိုင်သောရတနာပါ

ဟုတ်ကဲ့