အရက်သေစာ၊ကာမဂုဏ်၊လောင်းကစား

in #myanmar7 years ago (edited)

image
ခုတင်ပြမယ့်ဆောင်းပါကတော့ အရက်သေစာ၊ကာမဂုဏ်၊လောင်းကစား ဖြစ်ပါတယ်
အခြားသောအရည်အချင်း ပြည့်စုံပါလျက်နဲ့ အရက်သေစာ၌ခုံမင်စိတ်ကိုမချိုးနှိမ်မဖြတ်တောက်နိုင်သဖြင့် လူရည်လူသွေး ပျက်ရသူ၊မိမိရော မိသားစုပါ စီးပွားရေးဘဝ နှိမ့်ကျသွားခဲ့ရသူတွေအများကြီးရှိသည်။
မြန်မာရာဇဝင်၌ ထင်းရှားသည့် တောင်ငူဘုရင် တပင်ရွှေထီးသည် စစ်စွမ်းရည်၊စည်ရုံးရေစွမ်းရည်များထက်မြတ်ကာ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်နိုင်ခဲ့သူ ဖြစ်ပါလျက် သေသောက်ကြူးသောစိတ်ကိုမထိန်းချုပ်နိုင်ခဲ့သဖြင့် မင်းကျင့်တရား၊ကိုယ်ကျင့်တရားများ ပျက်ပြားကာ ပရမ်းပတာ ဖရိုဖရဲဖစ်သွားခဲ့ပြီး ဥပါယ်တံမျဉ်ဖြင့် သူတပါးလှည့်ဖြားလုပ်ကြံခြင်းကိုပင်ခံခဲ့ရသည်။
အလားတူပင် မြန့်မာရာဇဝင် ကမ္ဘာရာဇဝင်တို့၌ကြည့်ပါက ရေမြေ့သနင်းပြည့်ရှင်မင်းအဖြစ်ဖြင့် ပြည်ရွာတိုင်းကား ထွန်းကားစည်ပင်ရေးကိစ္စများနှင့် အထွေထွေအပြားပြားသော မင်းစည်းစိမ်များ ခံစားသောအလုပ်တို့ကို သင့်တင့်မှတစွာလုပ်ကိုင်နိုင်ပါလျက် စွဲမိစွဲရာ ဝါတနာတခုကိုသာအထိန်းအကွပ်မရှိ ဇက်လွှပေးခဲ့မှုကြောင့် အစားကြူးသော မင်း ကစားကြူးသောမင်း ရာဂကြူးသောမင်း များအဖြစ် စာတင်ခြင်းခံခဲ့ရသူတွေလည်းများစွာပင်ရှိချေသည်။
မိမိ၏ဂုဏ်သိက္ခာကိုဖျက်ဆီးမည့် လတ်တလော အလိုဆန္ဒများ တစ်ဒင်္ဂခံစားမှုများကို မထိန်းသိမ်းနိုင်သူကား မိမိကိုယ်ကို ဦးဆောင်နိုင်စွမ်း မရှိသူဖြစ်သည်။မိမိကိုယ်ကိုပင်ီးမဆောင်နိုင်ကလူအများကို ဦးစောင်နိုင်သူတစ်ဦးဖြစ်လာစရာအကြောင်းမရှိတော့ပေ။