ငါဘဝရဲ့  ပဲ့ကိုင်ရှင်

in #myanmar6 years ago

ငါဘဝရဲ့  ပဲ့ကိုင်ရှင်

လမင်းရေ့

ကြယ်စင်တွေ ရောင်ဝါတောက်ပဖို့
နင့်ရဲ့စွမ်းအားတွေကို လိုအပ်သလို

ညရဲ့ လှပခြင်း သဘာဝတွေမှာ
နင့်ရဲ့အလင်းတွေကို လိုအပ်သလို

❤❤❤❤❤❤❤❤❤❤
ပိုးစုန်းကြူ လေးတွေ သာယာနေကြဖို့
နင့်ရဲ့ အချက်ပြမီးအိမ်ကို လိုအပ်သလို

လောကတခွင်လုံး ခဏတာ အနားယူအားဖြည့်ဖို့
ကြည်လင်တဲ့ နင့်ရဲ့ မေတ္တာရင်ခွင်ကို လိုအပ်သလို

❤❤❤❤❤❤❤❤❤❤

တစ်သက်တာခိုနားရန်
ချစ်မေတ္တာတံတိုင်းနဲ့
လောကကိုမာန်ဝင့်

❤❤❤❤❤❤❤❤❤❤

ငါ့ရဲ့နေ့သစ်တွေမှာ အားဖြစ်ဖို့
နင် ဆိုတာ
ညရဲ့ အလင်းပိုင်ရှင်
ငါ့ဘဝ ကို လင်းလက်ပေးနိုင်တဲ့ 
ပဲ့ကိုင်ရှင် အဖြစ်လိုအပ်နေတာ ယုံပါကွာ့။ ။

ချစ်ခြင်းများစွာဖြင့်
ဖြိုးဝေအောင်
📝ရေးသားသူ ဖြိုးဝေအောင်📝

Author @phyowaiaung
image

received_1178917088909060.gif

Sort:  

ပဲ့ကိုင်​ရှင်​​လေးနဲ့​ပေါင်းဖက်​ရပါ​စေ။

အသက်များရှိသေးရဲ့လားလို့

လင်းလက်သောပဲ့ကိုင်ရှင်ကိုရရှိပါစေ