ဗလိ နတ်စာတင်ခြင်း (လင်းညို့တာရာ)

in #myanmar6 years ago

image

ဗလိဟူသည် ပူဇော်ဖွယ် ပေးကမ်းဖွယ်ဝတ္ထုတည်း။

(၁)ဉာတိဗလိ - ဆွေမျိုးတို့အားပေးကမ်းဖွယ်
(၂)အတိထိဗလိ - ဧည့်သည်တို့အားပေးကမ်းဖွယ်
(၃)ပုဗ္ဗပေတဗလိ - ကွယ်လွန်သူ ဆွေမျိုးတို့အဖို့
ပေးကမ်းဖွယ်
(၄)ရာဇဗလိ - မင်းအားပြုရမည့် အခွန်ပဏ္ဏာစသော
ပေးကမ်းဖွယ်
(၅)ဒေဝတာဗလိ - နတ်တို့အတွက် ပြုရမည့် ပူဇော်ပေးကမ်းဖွယ်(ဗလိနတ်စာ) ဟု အင်္ဂုတ္တရ(ပ-၃၇၉) တွင် ပါရှိပါသည်။

ဒေဝတာဗလိ ခေါ် ဗလိနတ်စာများသည် ပြုလုပ်သင့်ပါသလား ပူဇော်ထိုက်ပါသလောဆိုရင် ဘုရားဟောများဖြင့် ထောက်ရှုကာပြောပါ့မည်။ စတုက ပဉ္စက အင်္ဂုတ္တရ၌ မိမိကြိုးစား ရရှိထားသော ပစ္စည်းများဖြင့် ဗလိငါးပါးပြုခြင်းကို စည်းစိမ်ဥစ္စာရယူခြင်း အကြောင်းတစ်ရပ်အဖြစ် ဟောတော်မူခဲ့၏ ။ ပဉ္စင်္ဂုတ္တရ၌ အမျိုးသားတို့၏ တိုးတက်ကြီးပွားကြောင်း မဆုတ်ယုတ်ကြောင်း တရားငါးပါး ဟောရာ၌ နတ်များကို ပူဇော်ပသခြင်းလည်း တပါးပါဝင်သည် ။ (ပဉ္စက-၆၈) နတ်များ ပူဇော်ခြင်းကို လောကကြီးပွားရေး တရပ်အဖြစ် ဘုရားရှင်အလိုရှိသည်မှာ သိသာပေသည်။ နတ်ရှိသည်ဟု ယုံကြည်သူများအဖို့ နတ်များကား
သတွာတမျိုးပင်ဖြစ်၏ လူတို့၌ ရှိခိုးထိုက်သူ'မထိုက်သူရှိသကဲ့သို့ နတ်များ၌လည်း ရှိခိုးထိုက်'မထိုက် နှစ်မျိုးရှိရာ၏ ။
၎င်းတို့ကို သတိရစွာ အစာ အာဟာရစသည် ပေးကမ်းပသခြင်း အမျှတန်းဝေခြင်း စသည်ကို ပြုအပ်သည်သာ။ လူများအချင်းချင်း ပေးကမ်းထောက်ပံ့လျှင် အခါခပ်သိမ်း မကူညီနိုင်စေကာမူ ၄င်းတို့တတ်နိုင်သောအခါ အကူအညီရသကဲ့သို့ နတ်များလည်း အရာခပ်သိမ်း ပေးစွမ်းနိုင်သည် မဟုတ်စေကာမူ သူတို့တတ်နိုင်သော အရာကိုကား ကူညီစောင့်ရှောက်တတ်၏။ ပညာရှိပုဂ္ဂိုလ်သည် အကြင်အရပ်၌နေ၏ ဤမိမိနေရာအရပ်၌ မြတ်သောအကျင့်ကိုကျင့်ကြကုန်သော စောင့်စည်းအပ်ပြီးသောဣနြေ္ဒရှိကုန်သော သီလရှိသူ အရှင်တို့ကို ဆွမ်းကျွေး၍ ထိုအရပ်၌ အကြင်နတ်တို့သည် ရှိနေကြကုန်၏ ထိုနတ်တို့အား မိမိလှူသောအလှူကို ရည်ညွှန်းဖော်ကာ အမျှ ဝေရာ၏။ အပူဇော်ခံကြရကုန်သောထိုနတ်တို့သည် ထိုမိမိကို ပူဇော်သူ အမျှဝေသူကို တုံ့လှည့်တဖန်ပူဇော်ကြပြန်ကုန်၏ မြတ်နိုးခံကြရကုန်သော ထိုနတ်တို့သည် မိမိအားမြတ်နိုးသူကို ပြန်လည်မြတ်နိုးကြကုန်၏ ။ ထို့ကြောင့် ထိုမိမိကို ပူဇော်မြတ်နိုးသူကို မိခင်သည် ရင်၌မွေးဖွားသားအရင်းကို အစဉ်စောင့်ရှောက်ဘိသကဲ့သို့ အစဉ်စောင့်ရှောက်ကြလေကုန်၏။ နတ်တို့ အစောင့်အရှောက်ကိုခံရသော လူသားသည် အခါခပ်သိမ်း ကောင်းမြတ်သောအာရုံတို့ကို ကြုံတွေ့ရပေ၏။

မြတ်စွာဘုရားက အရှင်အာနန္ဒာကို ဝဇ္ဇီတိုင်းသားတို့မြို့တွင်းမြို့ပြင်နတ်ကွန်းတွေမှာ ကျွေးမွေးလှူဒါန်းမြတ်နိုးပူဇော်ကြသလားလို့မေးပါသည်။ ရှင်အာနန္ဒာကလဲပြုလုပ်ကြောင်းဖြေတဲ့အခါ မြတ်စွာဘုရားက အကြင်မျှလောက် ဝေသာလီပြည် ဝဇ္ဇီမင်းအဆက်ဆက်တို့သည် မြို့တွင်းမြို့ပြင် နတ်ကွန်းနတ်စင်တို့ကို အရိုအသေအလေးအမြတ်ပြုကာ ပူဇော်ကြကုန်သောအခါ ရှေးတင်မြဲပြုမြဲတိုင်း ပသမြဲတိုင်းပသသောအခါ ဝဇ္ဇီမင်းအဆက်ဆက် ပစ္စုပ္ပန်သံသရာကြီးပွါးခြင်းသာဖြစ်စေမည်ဟု မိန့်တော်မူပါသည်။

image

ထိုပြင်ဧကနိပါတ် အပ္ပဏကဝဂ်ဒေဝဓမ္မဇာတ်၌ ဘုရားလောင်းကိုယ်တိုင် ရေစောင့်ရက္ခိုက် ဘီလူးကိုနတ်ကွန်းဆောက်ပူဇော်သက္ကရပြု၏ဟုလည်းကောင်း ၊ ဒုကနိပါတ် ဒဠဝဂ်ဘဂ္ဂဇာတ်၌ဘုရားအလောင်းပုဏ္ဏားအဆုံးအမကိုခံယူသော သားစားဘီလူးကို ဗာရာဏသီမင်းက နတ်နတ်ဖြင့် ဗိနတ်စာပေး၍ ထားရာ တိုင်းပြည်ကိုစောင့်ရှောက်ကြောင်းပါဝင်သည်။ ထိုပြင် တေမိမင်းသားကိုထီးချက်စောင့်နတ်သမီးစောင်မသည် ဇနကမင်းသားကို မဏိမေခလာစောင်မသည် မဟော်သဓာကို ထီးချက်စောင့်နတ်သမီးစောင်မသည် စန္ဒကုမာရကို သိကြားနှင့်နတ်များစောင်မသည် နာရဒဇာတ်၌ နတ်တို့ကိုတသော ရုစာမင်းသမီးကို ဗြဟ္မာမင်းစောင်မသည် ဝေဿန္တရာကို သိကြားကကျောင်းဆောက်ပေးသည် ဒုကနိပါတ် မဏိစောရဇာတ်၌ သုဇာတာမည်သော မိန်းကလေး နတ်တို့ကိုတသဖြင့် သကြားမင်းက သူယောက်ျားကိုကယ်သည် တိကနိပါတ် မစ္ဆုဒ္ဒါနဇာတ်၌ မြစ်စောင့်နတ်ကို အမျှဝေသဖြင့်ဥစ္စာထုတ်ပြန်ရသည် စတုက္ကနိပါတ် ပလာသဇာတ်၌ ပေါက်ပင်စောင့်နတ်ကိုပူဇော်သဖြင့် ရွှေအိုးရသည် စတုက္ကနိပါတ် စူဠကာလိင်္ဂဇာတ်၌ ကိုယ်စောင့်နတ်တို့စစ်ကူတိုက်၏ မေတ္တာသုတ်၌ နတ်တို့အားမေတ္တာထား၍ နတ်တို့ အစောင့်အရှောက်ရ၏ ဧကနိပါတ် ကုဏ္ဍကပူဝဇာတ်၌ ကြက်ဆူပင်စောင့်နတ်အားပူဇော်သဖြင့်ရွှေအိုးရ၏။ ထိုအချက်တို့ကိုထောက်၍ နတ်ပူဇော်သူတို့အား မိစ္ဆာဝါဒထင်နေသူတို့သည်သာ ဗုဒ္ဓအဆုံးအမ မှလွဲချော်နေသော မိစ္ဆာဒိဋ္ဌိများ
ဖြစ်သည်။ ကိုယ်စိတ်ထင်ရာပြောနေခြင်းသည်
ဗုဒ္ဓစာပေကိုလည်းကောင်း ဗုဒ္ဓဘုရားရှင်၏ သဗ္ဗညုတညာဏ်ကို၎င်း စော်ကားနေခြင်းဖြစ်သည်။။ နတ်စိမ်းနတ်ကျက် ဘယ်သူမှ မခွဲနိုင်ပါလျက် နတ်စိမ်းဟုတွင်တွင်ပြောကာ စော်ကားကြသည်လဲရှိသေး၏ ကုန်ကုန်ပြောရလျှင်
နတ်စိမ်းဖြစ်ရုံမက အစိမ်းသရဲ သင်းကွဲပြိတ္တာဖြစ်လင့်ကစား မြတ်စွာဘုရားက အနာထပိဏ်သူဌေးကို ဗလိငါးပါးဟောရာတွင် ပုဗ္ဗပေတဗလိ သရဲတို့အတွက် အစားအသောက် ကျွေးခြင်း အမျှဝေခြင်း ဗလိကို ခွင့်ပြုထားခြင်းကြောင့် မိစ္ဆာဝါဒမဟုတ် ကဲ့ရဲ့သူတို့၏စကားသည်သာ အထောက်အထား မရှိထင်ရာပြောသော မိစ္ဆာဝါဒဖြစ်ပါကြောင်း ပြောအပ်ပါသည်။ စေတီပုထိုးတည်ခြင်း၊ မြေယာတိုက်တာ၊ စက်ရုံ၊ အလုပ်ရုံများစတင် တည်ဆောက်သည့်အခါ၌ ဗလိနတ်စာတင်ခြင်းကို ပြုလုပ်သင့်ပေသည်။

ဗလိနတ်စာတင်ပုံတင်နည်းများ

ဘုရားရင်ပြင်တော်တွင်ဖြစ်စေ၊ သန့်ရှင်းသောနေရာတွင်ဖြစ်စေ၊ စားပွဲပေါ်တွင်ဖြစ်စေ၊ မိမိတင်လိုသောနေရာ၌ ပိတ်ဖြူဆယ်တောင်ကို သင်ဖြူးပေါ်တွင် ခင်းရမည်။ ယင်းပိတ်ဖြူဆယ်တောင်ပေါ်တွင် ကန်တော့ပွဲပြင်ရမည်။ တစ်ပွဲတစ်ပွဲတွင် ငှက်ပျောသုံးဖီး၊ အုန်းတလုံး၊ သပြေပန်း၊ အမွှေးတိုင်၊ အမွှေးနံ့သာ စသည်တို့ ထည့်ရမည်။ ပထမကန်တော့ပွဲအနီးတွင် ဖယောင်းတိုင်ရိုးရိုးသုံးတိုင်ထားရမည်။ ဒုတိယကန်တော့ပွဲအနီးတွင် ဖယောင်းတိုင်ရိုးရိုးလေးတိုင်ထားရမည်။ ပထမကန်တော့ပွဲ အနီးတွင်ထားသော ဖယောင်းတိုင်များမှာ ဘုရား၊ တရားသံဃာ ရတနာသုံးပါးအား ကန်တော့သောမီးတိုင်ဟု အမှတ်အသားပြုရမည်။ ဒုတိယကန်တော့ပွဲ အနီးတွင်ထားသောမီးတိုင်လေးတိုင်မှာ ဤဗလိနတ်စာတွင်ပါဝင်သော နတ်ကြီးလေးပါးအား ကန်တော့ရန်ထားသော မီးတိုင်ဟု ရည်ညွှန်းရမည်။ ပျားဖယောင်းငါးကျပ်ကိုးပဲသားအား ဗလိနတ်စာတင်သူ၏ သက်သေ့ချည်မျှင်ကိုသက်စေ့မီးစာလုပ်၍ ဖယောင်းတိုင်ပြုလုပ်ရမည်။ ဤကဲ့သို့ဗလိ နတ်စာတင်သူသည်တစ်ဦးမက ဆယ်ယောက်ဖြစ်အံ့၊ ချည်မျှင်ကို မီးစာထည့်၍ ပျားဖယောင်းငါးကျပ်ကိုးပဲသားစီ မီးတိုင်လုပ်၍ ဒုတိယကန်တော့ပွဲအနီးတွင် ထားပါ။ ဗလိနတ်စာတင်သောသူတိုင်း မီးစာသက်စေ့နှင့် မီးတိုင်လုပ်နိုင်က ပိုကောင်းသည်။ တင်သောသူတိုင်း မလုပ်နိုင်သော် ဤပူဇော်ပွဲတွင်ပါဝင်သော ခေါင်းဆောင်လုပ်သူ၏ သက်စေ့ ချည်မီးစာနှင့် မီးတိုင်ပြုလုပ်လိုကလည်း ပြုလုပ်နိုင်သည်။ အကြောင်းကိစ္စရှိသောအခါ၊ မကျန်းမာသောအခါ ထိုသူ၏ သက်စေ့ကို မီးစာချည်မျှင်နှင့် မီးတိုင်လုပ်ရသည်။

ယင်းနောက် ဒုတိယပွဲအနီးတွင် ပန်းကန်ပြား(၁၂)ချပ်ထားရမည်။ ယင်း(၁၂)ချပ်ထဲတွင် ယို(၃)မျိုး၊ ပန်း(၃)မျိုး၊ သစ်သီး(၃)မျိုး၊ ဖယောင်းတိုင်ရိုးရိုး(၁၂)တိုင်၊ ဆန်တစ်ပြည်ကိုအိုးသစ်နှင့်ချက်သောအခါ ဆီးသားထင်း၊ ဆိီးသားယောက်မနှင့်ချက်ပါ။ ဗလိနတ်စာတင်သူ၏ မွေးနေ့ အရုဏ်တက်ချိန်တွင် ပူဇော်ပသပါ။ ဆန်တစ်ပြည်ချက်ကို ပန်းကန်ပြားနှင့်လည်းတင်နိုင်၏ ပန်းကန်ပြားမရှိပါက ရ ရာခွက်သန့်သန့်ဖြင့်လည်း တင်နိုင်ပါသည်။

ဤကဲ့သို့ ကန်တော့ပွဲနှင့်တကွ ပန်းကန်တို့ဖြင့်ပြင်ပြီးလျှင် ရှေးဦးစွာ ရတနာသုံးပါးနှင့် နတ်မင်းကြီး(၄)ပါး၊ နတ်ကြီး(၁၂)ပါးတို့ကို ပင့်ပါ။ ၎င်းနောက် ရတနာသုံးပါးတို့ကို ကန်တော့ပွဲဖြင့် ကန်တော့ပါ၊ ပွဲမြှောက်ပါ၊ ပြီးလျှင် အောက်တွင်ပါရှိသော ဂါထာက်ုရွတ်ဖတ်၍ နတ်ကြီး (၄)ပါးတို့ကို ပူဇော်ပါ။

      သက္ကံ ပဇာပတိံ တေဇံ။
     ဝရုဏာ ဣသာနဒေဝံ၊
      ပူဇေမ ဣစ္ဆိတံဝန္ဒေ၊
      သမ္မဒေဝါပါလေ သဒါ။

"တေဇံ-တန်ခိုးကြီးသော။ သက္ကံ-သိကြားမင်းကိုလည်းကောင်း၊ တေဇံ-တန်ခိုးကြီးသော၊ ဝရုဏ၊ ဣဿနဒေဝံ၊-ဝရုဏ၊ ဣဿနနတ်မင်းကြီးတို့ကိုလည်းကောင်းသမ္မာဒေဝါ အရိယာ-သမ္မာဒေဝနတ်ဖြစ်ကုန်သော၊ ဧတေ-ထိုနတ်မင်းကြီးတို့ကို၊အမှေ-အကျွန်ုပ်တို့သည်၊ ပူဇေမ-ပူဇော်ပါကုန်၏။ ဝန္ဒေ-ဝန္ဒာမိရှိုးပါကုန်၏။ ဣဒါနိ-ဤအခါကအစပြု၍၊ အမေဟိ-အကျွန်ုပ်တို့နှင့်တကွ အပေါင်းအဖော်အိမ်သားတစ်စုတို့သည်၊ ဣစ္ဆိတံ-အလိုရှိအပ်သော၊ ဖလံကောင်းကျိုးကို၊ ဒေတုပေးစေသတည်း။ သဒါ-နေ့ရောညဥ့်ပါ အခါမလပ်၊ အမှေ-အကျွန်ုပ်တို့ကို၊ ပါလေ-ပါလယန္တု စောင့်ရှောက်စေကုန်သတည်း"

ဟုရွတ်ဖတ်၍ နတ်မင်းကြီး(၄)ပါးတို့အား ကန်တော့ပွဲ ဖြင့် ကန်တော့ပါ။ ပွဲမြှောက်ပါ။ မြှောက်ပြီးလျှင် ရတနာသုံးပါပွဲရှိသော ဖယောင်းတိုင် (၁၂) တိုင်နှင့် တကွ နတ်ကြီးများရှေ့တွင်ရှိသော ဖယောင်းတိုင်(၄)တိုင်နှင့် ပျားဖယောင်းတိုင်တို့ကို မီးပူဇော်ပါ။ ပြီးလျှင် ပန်းကန်ပြားတွင် ပြင်ထားသော ပွဲ(၁၂)ပွဲကို နတ်(၁၂)ပါးတို့အား အောက်ပါစကားတို့ဖြင့် ရွတ်ဖတ်ပူဇော်ပါ။

"တေဇာ-တန်ခိုးကြီးတော်မူကြကုန်သော၊ ဒွါဒသ-မဟာဒေဝါ၊ သတ္တဘာဂ၊ သူရဿတီ၊ မိလက္ခူ ၊ ဗလိရာဇာာ ဝါမသူရ၊ ရောဂန္တ၊ ကလျာဏ နိမိတ်၊ စန္ဒာဒေဝီ၊ လေသံသူရ၊ နရိန္ဒာဒေဝီ၊ ဂေဟပါလ၊ ရုက္ခဇိုဝ်းနတ်တို့သည်၊ မောဒနာ-ဝမ်းမြောက်ဝမ်းသာရှိကြကုန်သည်ဖြစ်၍၊ သုဉ္ဇန္တု-သုံးဆောင်စားသောက်တော်မူကြပါကုန်လော" ဟုဆို၍ ပွဲများကိုမြှောက်ပါ။ ဤသို့ပွဲများကို မြှောက်ပြီးသည့်နောက်၌-

           မဟာဒေဝေဟိ စတ္တာရော၊
              သမ္မာရက္ခန္တုမံသဒါ၊
           သမ္မာ ဣစ္ဆာ သမိဇ္ဈန္တု ၊
            ပူရေန္တု မမသင်္ကပ္ပါ။

"လေးပါးကုန်သော နတ်မင်းကြီးတို့နှင့်တကွ နတ်ကြီး(၁၂)ပါးတို့သည် အကျွန်ုပ်တို့ကို အခါခပ်သိမ်းစောင့်ရှောက်ကြ၍ ကျွန်ုပ်တို့အလိုဟူသမျှ ပြည့်စုံအောင် စောင်မတော်မူကြပါကုန်လော " ဟုသုံးခါဆိုပါ။ ဆိုပြီးလျှင် "ရတနာသုံးပါး နှင့်တကွ ကြွရောက်တော်မူလာကြသောနတ်မင်းကြီး(၄)ပါး၊ နတ်ကြီး(၁၂)ပါး တို့သည် မိမိတို့စံမြန်းရာ ဘုံဗိမ္မာန်သို့ ကြွရောက်တော်မူကြပါကုန်လော" ဟု သုံးခါဆို၍ ရုက္ခဇိုဝ်းရှိသော သစ်ပင်သို့ တစ်ခွက်သွားပို့ပါ။ သူတော်ကောင်းကို တစ်ခွက်သွားပို့ပါ။ ဤသို့ ဗလိနတ်စာကို မကျန်းမာသောအခါ၌ဖြစ်စေ၊ စီးပွားပျက်သောအခါ၌ဖြစ်စေ၊ အမှာအကြီးအကျယ်ဖြစ်သောအခါ၌ဖြစ်စေ တင်သပူဇော်ပါကလည်း အလိုရှိသမျှပြီးစီးအောင်မြင်မည်ဖြစ်ပါသတည်း။

MSC - 226
@လင်းညို့တာရာ
@linnhyotaryar

Photo From : Wikipedia Images

Sort:  

ကြားဖူးတယ်၊
ခုမှအသေးစိပ်သိတာ၊
ကျေးဇူးပါ။

အာ့ဒါ ကို ကြားဖူးတယ်

အင်း ဗလိနတ်စာတင်မြှောက်တာက နတ်တွေကို ပူဇော်ပသတာမျိုးပါပဲ

ကောင်းတယ်ဗျနတ်တွေကိုပင့်ပြီးတော့ပူဇော်တာ။ဗဟုသုတရတဲ့postလေးပါ။

ဟုတ်ကဲ့ဗျ

ကြား​တော့ကြားဖူးတယ်​ အခုမှပြည့်​ပြည့်​စုံစုံသိခွင်​ရ​တော့​တယ်

ကြားဖူးတယ် အသေးစိတ်ကခုမှသိရတော့တယ်။

အွငိး ဟုတ်ကဲ့

ဗဟုသုတရစေပါတယ်

ဟုတ်ကဲ့ဗျာ

ခေါစာပစ်တာတော့ကြားဘူးတယ်ဗျ
ဗလိနတ်စာလဲကြားဘူးတယ်

အွင်း ကြားဘူးတာကို မသိတာတွေရှိလို့

thanks for sharing..

ဟုဟုဗျ

သေချာ​လေး ​ပြောပြ​ရေးပြလို့ ဖတ်​ရတာ ​တော်​​တော်​​လေး ဗဟုသုတရပါတယ်​ဗျာ .. ​ကျေးဇူးတင်​ပါတယ်​ အစ်​ကို​ရေ ..

ဟုတ်ကဲပါဗျ

Read my profile if you want me to resteem your blog post to my 33,200+ followers. https://steemit.com/@a-0-0