ဟိုတွေး ဒီတွေး

in #myanmar5 years ago

85ptci.jpg

တနေ့ တနေ့ ဘာရေးလို့ ရေးရမယ်မှန်းကို မသိပေ။ steem ဈေးကလည်း ကျ။ ရေးစရာကလည်း ရှားနှင့်။ ဒီကြားထဲ covi 19 ကလည်း တမှောင့်နှင့် တွေးရင်း ပူရ စိတ်ရှုပ်ရ။ ဒီအချိန် steem ဈေးလေးများ တက်လိုက်၊ တက်လာလျှင် ဆိုပြီးတော့လည်း တွေးနေမိပြန်၏။ steemit ၏ ရှေ့ရေးကလည်း ဘာတွေ ဆက်ဖြစ်မည်ကို မသိရသေးပေ။ ဆက်လျှောက်နေတယ် ဆိုပေမယ့် တကယ့်ကို စမ်းတဝါးဝါးနှင့် သွားနေရသလိုပင်။ ယခင်တုန်းက ခုလိုမျိုး တခါသားမှ မေ၀ဝါး ခဲ့ဖူးပေ။

Steem ဈေး ကျနေလို့ရယ်တော့လည်း မဟုတ်ပေ။ ယခင် ned လက်ထက်တုန်းက သိပ်မပူခဲ့ပေမယ့် ခု justin လက်ထက်မှာမှ ထို အတွေးက တွေးမိလာခဲ့ခြင်း ဖြစ်၏။ CEO အပြောင်းအလဲနှင့် သတင်းတွေကလည်း သို့လော သို့လောတွေ ဆိုတော့ ကိုယ်တွေမှာ လမ်းတွေ ပျောက်နေ၏။ ဘာပဲ ဖြစ်ဖြစ် ဆက်တော့ လျှောက်နေဦးမည် ဖြစ်၏။ steemit ရှိနေသေးသရွေ့ ကျနော်လည်း ရှိနေဦးမည်ပင်။

ဒီနေ့တော့ ကလေးတွေ၏ စာမေးပွဲလည်း ပြီးသွားခဲ့ပြီ ဖြစ်၏။ bio, eco တွဲ သမားတွေတော့ ပြီးသွားပြီ ဖြစ်ပေမယ့် အခြား ဘာသာ ရပ်တွဲတွေတော့ ကျန်သေး၏။ ကလေးတွေ ဖြေနိုင်ကြသည် ဆို၏။ ဒီနှစ် မေးခွန်းက အတော်လေး လွယ်သည်ဟုတော့ ပြောလို့ ရ၏။ အချို့ကလည်း စနစ် အသစ် ပြောင်းတော့မည် ဖြစ်သဖြင့် မေးခွန်းများ လွယ်ပေးထားသည် ဆိုပြီးတော့လည်း ဆိုကြ၏။ ဘာပဲ ဖြစ်ဖြစ် ကလေးတွေ ကောင်းကောင်းမွန်မွန် ဖြေဆို အောင်မြင်သွားဖို့ လိုသည် မဟုတ်လား။

z2kyh0.jpg

စာမေးပွဲတွေ ပြီးသွားတော့ ကျနော်လည်း အနားရပြီပေါ့။ တကယ်တမ်းမှာတော့ ထိုသို့ မဟုတ်ပေ။ စာမေးပွဲတွေပြီး စာသင်စရာတွေ မရှိတော့ပေမယ့် အိမ်က တူလေး၊ တူမလေးတွေကို ထိန်းနေရ၊ လိုက်ကြည့်နေရတာနှင့် နားကို မနားရပေ။ တနေ့ တနေ့ အချိန်တွေ ဘယ်လို ကုန်သွားမှန်းကို မသိပေ။ ညဘက် မပြောနှင့် နေ့လည် နေ့ခင်းတောင် အပြင် သိပ်မထွက်ဖြစ်၊ မထွက်ရတော့ပေ။ ကလေးတွေက သူတို့ကိုယ် သူတို့ ကောင်းကောင်း မနိုင်သေးဘူးကိုး။ ဒါတောင် နှစ်တန်း တက်မည့် အရွယ်တွေ ဖြစ်ကုန်လို့ အရင်ထက် စာလျှင်တော့ အတော်လေး သက်သာသွားသည် ဟု ပြောလို့ ရ၏။

တနေ့ တနေ့ သူတို့နှင့်ပဲ အချိန်ကုန်၊ လုံးခြာလည် လိုက်လို့ နေတော့၏။ ပိုစ့်တင်ဖို့ကိုတောင် ညဖက်မှပဲ ရေးနိုင်၏။ ရှေ့လျှောက် ဘယ်လို ဆက်ဖြစ်ဦးမည် ဆိုသည်ကိုတော့ မသိသေးပေ။ လောလောဆယ်တော့ လူလည်း အတော်လေး ပင်ပန်းနေပြီ ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် မအိပ်ခင်လေးတော့ ဂိမ်းဆော့လိုက်ပါဦးမည်။

Don Jaun

MSC 31

Sort:  



Join the community in our migration to Hive, a community built blockchain for the community. All Steem account holders will receive equivalent stake on the new Hive blockchain.

Please see this post on SteemPeak for more information.

ဒီနေ့ရေးထားတာတော့ မဟာတ်နိုင်ဘူး