"ဒါ​ပေမယ့်​ ချစ်​ခဲ့ဖူးတယ်​ မလွမ်းခဲ့​တော့ဘူး"

in #myamnmar7 years ago

"ရည်းစား​ဟောင်းကို ချစ်​လား"

"အင်း" လို့​ဖြေ​တော့ သူမျက်​နှာပျက်​သွားတယ်​ ..

ဆက်​​မေးတယ်

"အခုထိ​ရောချစ်​​နေတုန်းလား"

"ဟင့်​အင်း မချစ်​​တော့ပါဘူး"

"သူ့ကိုအရမ်းချစ်​ဖူးတာပဲလား"

"အင်း ဟုတ်​တယ်​"

သူစိတ်​ဆိုးသွားတယ်

"စိတ်​ဆိုးသွားတာလား "

"မဟုတ်​ပါဘူး"

မဟုတ်​ပါဘူး​ပြော​နေ​ပေမယ့်​ သူ့မျက်​နှာပျက်​သွားတာ သိတာ​ပေါ့ ကိုယ်​က သူ့မျက်​နှာ အရိပ်​အ​ချေ ကြည့်​​နေတတ်​တဲ့သူပဲ

"ဘာလည်း ရည်းစား​ဟောင်းကိုချစ်​တယ်​​ပြောတာ မကြိုက်​ဘူးလား" ဆို​တော့ မျက်​နှာမဲ့ပြီးပြန်​​ဖြေတယ်

"မဟုတ်​ပါဘူး ဒီလိုပါပဲ"တဲ့

"​ပြောပြမယ်​ ငါက လူတစ်​​ယောက်​ကိုမချစ်​ပဲ ချစ်​တယ်​ ​ပြောတတ်​တဲ့သူမျိုးမဟုတ်​ဘူး ... လူတစ်​​ယောက်​ကိုချစ်​ပြီဆိုရင်​ အရမ်းချစ်​ အရမ်းဂရုစိုက်​ပြီး သ၀န်​တိုတတ်​တယ်​ .. ငါသိတယ်​ မချစ်​ပါဘူး​ပြောရင်​ နင်​​ပျော်​မယ်​မှန်း ... ဒါ​ပေမယ့်​ နင်​စဉ်းစား​လေ မချစ်​ပဲနဲ့ လူတစ်​​ယောက်​ကိုတွဲတဲ့သူကို နင်​ယုံမှာလား ... နင့်​ကိုလည်း မချစ်​ပဲတွဲတာဖြစ်​မ​နေနိုင်​ဘူးလား ... ငါက အရမ်းချစ်​မှချစ်​တယ်​​ပြောတတ်​သလို ... ဘယ်​လိုမှမဖြစ်​နိုင်​လို့ လမ်းခွဲမယ်​​ပြောမှ လမ်းခွဲတတ်​တဲ့သူမျိုး .. အာ့​တော့ ငါအရင်​ရည်းစားကို ချစ်​တယ်​​ပြောလို့ စိတ်​မဆိုးပါနဲ့ ... ငါလွမ်း​နေ​သေးတယ်​ သတိရ​နေ​သေးတယ်​​ပြောမှ စိတ်​ဆိုးပါ ... ငါက တစ်​ကယ်​ချစ်​တတ်​တဲ့သူမျိုးမို့လို့ပါ ... "😔