Never Give Up

in #motivation7 years ago

အသက် ၅ နှစ်မှာ သူ့အဖေ ဆုံးတယ်။ အသက် ၁၆ နှစ်မှာ ကျောင်းထွက်လိုက်ရတယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခု ပြုတ်ခဲ့တယ်။

အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျတယ်။
အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အတွင်း ရထားလက်မှတ် ရောင်းသူလုပ်တယ်။ မအောင်မြင်ဘူး။

အဲဒီနောက် စစ်တပ်ထဲဝင်တယ် မအောင်မြင်ဘူး။
ဥပဒေကျောင်းဝင်ခွင့် လျောက်တယ် ငြင်းပယ်ခံရတယ်။

အာမခံ ကုမ္ပဏီမှာ အရောင်းစာရေး ဝင်လုပ်တယ် မအောင်မြင်ဘူး။
အသက် ၁၉ နှစ်မှာ ဖခင်တစ်ယောက် ဖြစ်လာတယ်။

အသက် ၂၀ မှာ သူ့မိန်းမက သမီးခေါ်ပြီး သူ့ကို ထားခဲ့ကာ အိမ်ကထွက်သွားတယ်။
အဲလိုနဲ့ စားသောက်ဆိုင် သေးသေးလေးမှာ ပန်းကန် ဆေးသမားဘဝ နောက် အကြော်ဆရာ ဖြစ်လာတယ်။

သူ့သမီးကို သူ့အမေဆီက ပြန်ခေါ်ဖို့လုပ်ရင်း သူ့မိန်းမကို အိမ်ပြန်ရောက်အောင် လုပ်နိုင်ခဲ့တယ်။
အသက် ၆၅ မှာ အလုပ်က အနားယူခဲ့တယ်။ သူအလုပ်က အနားယူတဲ့ နောက်ဆုံးရက်မှာ အစိုးရကပေးတဲ့ ၁၀၅ ဒေါ်လာ ချက်လက်မှတစ်စောင် ရတယ်။

သူ့ကိုသူ မထောက်ပံနိုင်လို့ အစိုးရက ထောက်ပံကျေးပေးရတာလို့ သူ ထင်ခဲ့တယ်။
အဲဒါနဲ့ သူ့ကိုယ်သူ သတ်သေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမှာ ရှုံးနိမ်မှုတွေ အရမ်းများတယ် အသက်ရှင်နေထိုင်ဖို့ မတန်တော့ ဘူးလို့ထင်လာတယ်။

သတ်သေဖို့ ပြင်တဲ့ သစ်ပင်အောက်မှာ သေတန်းစာ တစ်စောင်ရေးဖို့လုပ်တယ်။
ဒါပေမဲ့ သူတကယ်ရေးမိတာက သူလုပ်နိုင်ခဲ့တဲ့ အကြောင်း အရာတွေ ဖြစ်နေတယ်။

သူ့ကိုယ်သူ စဉ်းစားမိတာက သူ မလုပ်ရသေးတဲ့ အရာတွေ အများကြီးရှိသေးတယ်။
အဲဒီထဲက သူကောင်းကောင်းလုပ်နိုင်တာ တစ်ခုက အချက်အပြုတ် ကျွမ်းတယ်လေ။

အဲဒါနဲ့ သူရတဲ့ ပင်စင်စားငွေထဲက ၈၇ ဒေါ်လာဖိုး လိုတဲ့ ပစ္စည်းတွေဝယ်တယ်.. သူ့ တတ်ကျွမ်းတဲ့ ကြက်ကြော်နည်း ကို အသုံးပြုပြီး အိမ်နီးချင်းတွေကို တစ်အိမ်တက်ဆင်း လိုက်ရောင်းခဲ့တယ်။ သူ့ရဲ့  ပထမဆုံး ကြက်ကြော် ရောင်းရဖို့ 1009 ကြိမ် ငြင်းပယ်ခံခဲ့ရတယ်။

ဒါပေမဲ့ အသက် ၈၈ မှာတော့ Mr. Colonel Sanders ဟာ ကန်တာကီ ကြက်ကြော် အမည်ရှိ (Kentucky Fired Chicken- KFC) KFC ကြက်ကြော်ဆိုင် အမ်ပါယာ ကြီးတည်ထောင်ပြီး ဘီလီယံနာ တစ်ယောက်ဖြစ်ခဲ့တယ်

ဘယ်အရာပဲဖြစ်ဖြစ် အသစ်ကပြန်စဖို့ နောက်ကျတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ရဲ့  Attitude ကသာ အဓိက ဖြစ်ပြီး ဘယ်လောက်ခက်ခဲ ခက်ခဲ အရှုံးမပေးဖို့လိုပါတယ်

အပင်ပန်းခံနိုင်မှု ဇွဲသတ္တိတွေ မရှိပဲနဲ့တော့ အောင်မြင်မှုတွေ ရလာမှာ မဟုတ်ဘူး။

ကိုယ့်အိမ်မက်တွေ ဆက်မက်ဖို့ အတွက် အသက်အရွယ်အိုးမင်ပြီး နောက်ကျတယ်ဆိုတာ မရှိပါဘူး။

ကိုယ့်အိမ်မက်တွေကို ဆက်လက်ဆုပ်ကိုင်ထား သေးသ၍ အောင်မြင်ဖို့ အခွင့်အလန်းရှိနေပါသေးတယ်။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/burmapage/posts/1288022767961715

Wasup robot..can u follow me

Good post, Vote.