လူမှုကွန်ယက်တွေမှာ လူတွေစိတ်ဝင်စားမှုများတဲ့ ဆယ်လီအချို့

in #esteemapp6 years ago

ဆိုရှယ်မီဒီယာတွေ ပေါ်လာပြီးနောက်ပိုင်းမှာ ဆယ်လီတွေရဲ့ လွှမ်းမိုးမှုက ပရိသတ်တွေအပေါ် အများကြီးသက်ရောက်မှုရှိလာပါတယ်။
image
ပရိသတ်တွေ ကိုယ်တိုင်ကလည်း သူတို့ချစ်တဲ့ အနုပညာရှင်တွေက ဘာတွေလုပ်နေတယ်.. ဘယ်တွေသွား တွေတယ်…ဘယ်သူနဲ့တွဲနေတယ် စတဲ့ နှိုက်နှိုက်ချွတ်ချွတ် သတင်းတွေကအစ သိချင်ကြပါတယ်။ပရိသတ်တွေအတွက် ဒီနှစ်အတွင်း Instagram မှာ Follower အများဆုံးရခဲ့တဲ့ ဆယ်လီတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁) ဆယ်လီနာဂိုးမက်(ဇ်) (Selena Gomez)Instagram မှာသူမကို Follow လုပ်ထားတဲ့ Followers ပေါင်း (၁၁၇) သန်းရှိပါတယ်။ သူမကတော့ ထိပ်ဆုံးနေရာမှာ အောင်မြင်နေတဲ့ ဆယ်လီတစ်ဦး ဖြစ်ပါတယ်။ သူမ ဒီနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ကျန်းမာရေး အခြေအနေကြောင့်လည်း ပရိသတ်တွေ သနားပို ချစ်ခင်ခဲ့ကြပါတယ်။ သိပ်မကြာသေးတဲ့ ရက်ပိုင်းအတွင်း မှာတော့ အချစ်ဟောင်းဖြစ်သူ ဂျက်စတင်ဘီဘာနဲ့ ပျော်နေတဲ့ ပုံလေးတွေလည်း လူမှုကွန်ယက် တွေမှာပျံနှံ့လာခဲ့ပါတယ်။(၂) အရီယာနာဂရမ်ဒီ ( Ariana Grande)အရီယာနာကတော့ Instagram မှာ Follower ပေါင်း (၁ဝ၃) သန်းရှိပါတယ်။ သူမရဲ့ရှိုးပွဲတစ်ခု ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒဏ်ရာရခဲ့တဲ့ သူမပရိသတ်တွေအပေါ် မေတ္တာပြပေးခဲ့တဲ့ အတွက် သူမကို ပိုပြီး ပရိသတ်တွေ ချစ်ခင်ခဲ့ကြတာ ဖြစ်ပါတယ်။

(၃) တေလာဆွစ် (Taylor Swift ) တေလာဆွစ်ရဲ့ Follower ကတော့ သန်း (၁ဝဝ) ရှိပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ ဟန်ပန်တွေက ဆွဲပေရိသတ်တွေ အကြိုက်တွေ့ခဲ့တာကတော့ သူမရဲ့နောက်ဆုံးထွက် အယ်လ်ဘမ်ထဲက တေးသီချင်းတွေပဲ ဖြစ်ပါတယ်။
(၄) ဘီယွန်စေး ( Beyoncé) အဆိုတော် ဘီယွန်စေးရဲ့ Follower ကတော့ (၉၉.၇) သန်းရှိပါတယ်။ သူမရဲ့ ကိုယ်ဝန်ဆောင်စဉ် ရိုက်ကူထားတဲ့ အလန်းစားဓာတ်ပုံတွေက ပရိသတ်တွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်စေခဲ့ပါတယ်။ ခင်ပွန်း ဖြစ်သူ ဂျေဇက်နဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားခဲ့တဲ့ ပုံတွေကလည်း သူမပရိသတ်တွေကို သဘောကျစေနိုင်ခဲ့ပါတယ်။(၅) ရော်နယ်လ်ဒို (Cristiano Ronaldo)နာမည်ကြီးဘောလုံးသမားဖြစ်သူရော်နယ်လ်ဒိုရဲ့Followerတွေကတော့(၉၇.၃)သန်းရှိပါတယ်။ရော်နယ်လ်ဒိုဟာဆိုရင်လည်း ပရိသတ်တွေ ချစ်ခင်နှစ်သက်တဲ့ ဆယ်လီတစ်ဦး ဖြစ်ပါတယ်။