တွေ့သမျှကူးချ.၃၇.

in #esteem6 years ago

အခန်း.၄.၆.
ဒီနေ့ ကတော့ စာမေးပွဲတခု နောက်ဆုံးနေ့ မို့  ဦးနှောက်
လည်း ခဏအနားရ မကြာမီ ထပ်မံဖြေရတော့မည့် စာ
မေးပွဲကြီးအထိလည်းနောက်ထပ်သွားစရာ အခွင့်အလမ်း
ကမလွယ်ကူနိုင်သေးသဖြင့် ထိုတရက်ကလေးကို မရအ
ရ လုပီးထွက်လာကြခြင်းဖြစ်သည်...
စာမေးပွဲမဖြေခင် မနက်အထိ တိုင်ပင်ထားကြသည်ကတ
နေရာရာ သွားကြမည်ဟူ၍သာဖြစ်သည်..ဘယ်သွားမည်
ဟု ဘာမျှ ကြိုတင်ညှိနှိုင်းမထားကြ...
သို့ အတွက် စာမေးပွဲဖြေပီး ထွက်လာကြရင်း လမ်းကျမှ
လင်းလင်းက
သွားတာတော့ ဟုတ်ပါပီ..ဘယ်သွားမှာလည်း ရန်´´ ရန်က သူကြိုတင်စိတ်ကူးထားသည့်အတိုင်း...ငါ စိတ်ကူးထားတဲ့နေရာလေးတခု ရှိတယ် လင်း
လင်း...´´
ပြောလေ...´´စာမေးပွဲဖြေပီး ဦးနှောက်တွေလည်း ကြည်လင်
သွားအောင် အေးအေးချမ်းချမ်း နဲ့ လွပ်လွပ်လပ်လပ်ရှိ
တဲ့ ကျိုက္ကလို့ ဘုရားဘက် သွားမလားလို့ လေ´´
လင်းလင်း မျက်နှာ ရှုံ့မဲ့သွားသည်...
ဟာ...နင်ကလည်း အဲ့ဒီဘက်မှာဘာမှလည်းမရှိ ပဲနဲ့ ဘယ်လိုလုပ်ပျော်မှာလဲ´´ပျော်ရပါတယ်ဟ..ဘုရားလည်းဖူးရတယ်..ရှုခင်း
မြင်ကွင်းတွေကလည်းလှတယ်..ကွင်းကျယ်ကြီးတွေနဲ့
အသက်ရှုရတာလည်းဝ..စိတ်လည်းလွပ်လပ်တယ် ဘယ်
လောက်ကောင်းလဲ´´
မသွားပါဘူးဟာ အဲ့တာတွေကြည့်ပီးဘာလုပ်ရ မလဲ အသက်ဝအောင်ရှုတာများ ဒီနားတင်ရှုလည်းရတာ ပဲဟာ´´ ရန် ဘာပြောရမှန်းမသိ ဖြစ်သွားသည်..ထို့ အတွက်...ဒါဖြင့် နင်က ဘယ်သွားချင်လို့ လဲ လင်းလင်း´´
လင်းလင်းက ချော့ပြုံး ပြုံးရင်း...
မြို့ထဲလျှောက်လည်ပီး ရုပ်ရှင်ကြည့်ကြမယ်လေ ပီးရင် လဟာပြင်ဈေးမှာ တခုခုစားမယ်လေ´´အာ...´´
ဒီတခါ ရှုံ့သွားသည်က ရန်..လင်းလင်းပြောသည့် ကိစ္စ
အားလုံးသည် သူ စိတ်အညစ်ရဆုံးများ ဖြစ်နေ၏...
မြို့ထဲ..ရုပ်ရှင်..လဟာပြင်..ပင်ပန်းနေသော ဦးနှောက်
များ မရှင်းလင်း မသက်သာရုံမက မျက်စိရှုပ်နားရှုပ်ဖြင့်
ထပ်ပီး ညစ်ထေးနောက်ကျိသွားမည့်ကိစ္စ..စိတ်ကူးကြည့်
လိုက်ရုံနှင့်ပင် ခေါင်းထဲကိုက်သလိုဖြစ်လာသည်...
လင်းလင်းကို တချက်ကြည့်ရင်း...
အဲ့ဒါကြီးက မကောင်းပါဘူး လင်းလင်းရာ... လူတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ စိတ်ရှုပ်စရာကြီးပါ အေးအေး ချမ်းချမ်း ရှင်းရှင်းလင်းလင်းနေရာမှာ အနားယူရင်း စကား ပြောရတာပဲ ကောင်းပါတယ်´´ လင်လင်းနုတ်ခမ်း မသိမသာစူသွားသည်...အဲ့ဒါကတော့ နင့်သဘောပဲလေ နင်သွားချင်
လည်းသွားပေါ့..ငါက နင်လုပ်သလို လိုက်လုပ်ပါမယ်လို့ 
ကတိပေးထားတဲ့သူပဲဟာ´´
ဟာ...အဲ့လိုတော့ မဟုတ်ပါဘူးဟာ..ငါက ပို ကောင်းမယ့်နေရာမို့ ပြောတာပါ..ဒီလိုလုပ်လေ ငါပြောတဲ့ နေရာရောက်လို့  နင်မပျော်ဘူးဆိုရင် ချက်ချင်းပြန်လာ ကြတာပေါ့..အဲ့ကျနင်သွားချင်တဲ့နေရာ ငါပြန်လိုက်ပို့  ပေးမှာပေါ့..အချိန်တွေရှိပါသေးတယ်လေ..ငါပြောတဲ့နေရာက လေးဘီးကားငှားသွားရင် နာရီဝက်လောက်ပဲကြာ မှာလေ´´ လင်းလင်းက ပြုံးလာရင်း...ကဲပါ...အဲ့လောက်လည်း ကရိကထများမနေ
ပါနဲ့လေ..ဒီလိုလုပ် ဒီတခါ နင်သွားချင်တဲ့နေရာသွား
နောက်တခါကျရင်တော့ ငါသွားချင်တဲ့နေရာ လိုက်ပို့ 
ဟုတ်ပလား..တော်ကြာ ဟိုပြေးဒီပြေးနဲ့ လမ်းတင် အချိန်
ကုန်သွားမှာ..နင်သွားချင်တဲ့နေရာနဲ့ငါသွားချင်တာက
တောင်တဖက် မြောက်တဖက်ကြီးလေ´´
ဤသို့ ဖြင့် သဘောတူညီချက်ရပီး ရောက်လာကြခြင်း
ဖြစ်၏...
ရန်ကတော့ ဒီလိုနေရာမျိုးမှာပျော်သည်...
ပတ်ဝန်းကျင်တွင် လေတဖြူးဖြူး..ကျယ်ကျယ်ပြန့် ပြန့် 
နှင့်ငြိမ်းအေးသောအရပ်ဒေသ မဟုတ်ပါလား ။