ကျွန်​​တော်​ချစ်​တဲ့"မ" အပိုင်း{၁}

in #esteem7 years ago (edited)

ကျွန်​မက​ကျောင်းဆရာမ​တစ်​​ယောက်​ပါ ရွာ​လေးတစ်​ရွာမှာစာသင်​ဖို့
တာဝန်​ကျခဲ့တယ်​ အဲ့ဒီရွာ​လေးနာမည်​က တိမ်​လွင့်​ရွာတဲ့ ရွာသူရွာသား​တွေက စိတ်​သ​ဘောထားဖြူ စင်​ကျပြီး ရိုးသားကာ ကြိုးစားကျတယ်
ကျွန်​မစာသင်​ရတာအရမ်း​ပျော်​တာပဲ တိမ်​လွင့်​ရွာရဲ့ ​မြောက်​ပိုင်းမှာ​နေတဲ့
အပျိုကြီး ​ဒေါ်ဘုတ်​ဆုံအိမ်​မှာကျွန်​မ​နေရတယ်​ တစ်​​နေ့​တော့ ​​ဒေါ်ဘုတ်​ဆုံအိမ်​မှာ ကျွန်​မတစ်​​ယောက်​တည်းရှိ​နေချိန်​မှာ လူတစ်​ဦး အထုပ်​အပိုး​တွေနဲ့လူတစ်​ဦး​ရောက်​လာပါ​တော့တယ်

"​ဒေါ်ရီး​ရေ. ​ဒေါ်ရီး"

"ရှင်​ ဘယ်​သူလဲ ဘာကိစ္စနဲ့လာတာလဲ "

စိုးထိတ်​​ကြောက်​ရွံ့တဲ့အကြည့်​များနဲ့​​မေး​နေတဲ့​ကောင်​မ​လေးကို ​​​ဇေသူရိန်​ ကြည့်​လိုက်​ကာ သ​ဘောကျသွား၍ စချင်​​နောက်ချင်စိတ်ဖြစ်ကာ​​​​ ​ခြေလှမ်းများကို​ရှေ့သို့​ဖြေး​ဖြေးချင်​တိုးသွားသည်

"ရှင်​ ဘယ်​သူလဲလို့​မေး​နေတယ်​​လေ "

"ငါလား မင်းကို တစ်​ခုခု....."

ဇေသူရိန်​ကမျက်​​ခုံး​မွေးတစ်​ဖက်​လှုပ်​ပြ​တော့ မြတ်​​လေး သည်​အကြီးအကျယ်​တုပ်​လှုပ်​ကာ ​ကြောက်​ရွံသွားပြီး

"ရှင်​ ဘာလုပ်​မလို့လဲ ကျွန်​မ​အော်​လိုက်​မှာ​နော်​"

"မင်းအရမ်းလှတယ်​ နာမည်​ဘယ်​လို​ခေါ်လဲ"

"ရှင်​သိစရာမလိုဘူး...လာကြပါဦးရှင်​ လူတစ်​​ယောက်​ကျွန်​မကို"

"ဟိတ်​..ဘာလို့​အော်​တာလဲ"

ဇေသူရိန်​​လေသံ​လေးနဲ့​ပြောတာမြတ်​​လေး၏ပါးစပ်​ကိုလက်​နဲ့ပိတ်လိုက်​သည်

"ရှင်​ဘာလုပ်​တာလဲ..."

ဇေသူရိန်​လက်​ကိုပုတ်​ချလိုက်​ပြီး မျက်​ဝန်းထဲ၌မျက်​ရည်​များပြည့်​လာကာငိုမိ​တော့သည်

"ဟာ..မငိုနဲ့​လေ.....ကျွတ်​"

ထိုစဉ်​​ဒေါ်ဘုတ်​​ဆုံ​ရောက်​လာ၏ ငို​နေတဲ့ မြတ်​​လေးကိုမြင်​​တော့

"ဟင်​..ဆရာမမြတ်​​လေး ဘာလို့ငို​နေတာလဲ."

"မဘုတ်​ဆုံ ဟို သူ....သူက​လေ"

"ဘာမှမဟုတ်​ပါဘူး ​ဒေါ်ရီးရာ ကျွန်​​တော်​သူ့ကိုစလိုက်​တာဗျ အဲ့ဒါနဲ့ငိုတာ
က​လေးလဲမဟုတ်​ပဲနဲ့ ဗျာ"

"ဪ...ဆရာမမြတ်​​လေးရယ်​ တူ​လေးကဒီလိုပဲအစ​နောက်​သန်​တယ်​"

"ကျွန်​မ သွား​တော့မယ်​"

မြတ်​​လေးမျက်​နှာ​လေးနီကာ ထထွက်​သွား​တော့သည်​။

"​ဒေါ်ရီးသူက ဘယ်​သူလဲဗျ"

"ဆရာမ​လေ ဒီရွာမှာအသစ်​​ရောက်​လာတဲ့ဆရာမ မြတ်​​လေးတဲ့
သွား ​တော့မ​နောက်​ပါနဲ့ သူက တူ​လေးထက်​အသက်​ကြီး တယ်​"

"အင်း....အင်းပါ​ဒေါ်ရီး ...​ရော့​ဒေါ်ရီးအတွက်​ရန်​ကုန်​ပြန်​လက်​​ဆောင်
ဒေါ်ရီးကိုသတိရလို့ လာလည်​တာ"

ဇေသူရိန်​ကလက်​ထဲကဆွဲလာသည့်​အထုပ်​ကြီးကိုကမ်း​ပေးလိုက်​သည်

"​ကျေးဇူး ပါငါတူရယ်​ ဒါနဲ့ငါ့တူရဲ့အ​ဖေနဲ့အ​မေ​ရော​နေ​ကောင်းရဲ့လားကွဲ့"

"​ကောင်းပါ့ဗျာ ​ကောင်းပါ့​ဒေါင်​​ဒေါင်​မြည်​ပဲ "

{​ဝတ္ထုအခန်းဆက်​​လေးပါအပိုင်း{2}တင်​ဦးမှာပါ ​ဖတ်​ ရ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​)

image