ထည့်သွင်းပေးမယ့် ကိရိယာ

in #esteem6 years ago

နောက်ပိုင်းထုတ် ကားများမှာအင်တာနက် ချိတ်ဆက်နိုင်တဲ့ စွမ်းရည်များနဲ့ စမတ် စွမ်းရည်များပါလာကြပါတယ်။ ကားအဟောင်းများမှာတော့ အဲဒီစွမ်းရည်များထည့်သွင်းဖို့အတွက် ကိရိယာငယ်လေးများကိုSamsung , Verizon နဲ့ အခြားကုမ္ပဏီများကထုတ်လုပ်လာကြပါတယ်။ ဖို့ဒ်ကလည်း သူ့ရဲ့ ကားအဟောင်းများအတွက် ကိုယ်ပိုင် ကိရိယာတစ်ခုကိုထုတ်လုပ် ရောင်းချ ပေးလိုက်ပါတယ်။
image
သူ့ရဲ့ အမည်မှာ FordPass SmartLink ဖြစ်ပြီးကားရဲ့ Onboard Diagnostics or OBD Port မှာတပ်ဆင် အသုံးပြုရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ထုတ်ကနေ ၂၀၁၇ ခုနှစ်ထုတ် ဖို့ဒ်မော်ဒယ်များမှာသူ့ကိုတပ်ဆင် အသုံးပြုနိုင်ပါတယ်။ သူ့ကိုတပ်ဆင်လိုက်တာနဲ့ LTE Hotspot ကိုရရှိမှာ ဖြစ်ပြီးယာဉ်မောင်းဟာကားရဲ့ ကြံ့ခိုင်ရေးသတင်းအချက်အလက်များ ကိုသိရှိခြင်း၊ ကားရဲ့ တည်နေရာကိုခြေရာခံနိုင်ခြင်းနဲ့ Smartphone App ကနေကားတံခါးကို Lock , Unlock ပြုလုပ်နိုင်ခြင်းများကိုလုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။
FordPass SmartLink ကိုယခုနှစ်လယ်မှာစတင် ရောင်းချမှာ ဖြစ်ပြီး တပ်ဆင်ခအပြင် ၀န်ဆောင်မှုအတွက် တစ်လလျှင် ၁၇ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ လစဉ်ကြေးထဲမှာဒေတာအတွက် ကျသင့်ငွေ မပါသေးပါဘူး။ အင်တာနက်လိုင်းကိုတော့ Verizon က ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး အသုံးပြုသူများအတွက် 1GB Data ကိုလက်ဆောင်ပေးမယ်လို့ ဖို့ဒ်ကပြော ပါတယ်။

Sort:  

Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!