ကမ္ဘာပေါ်ကနည်းပညာသုံးဆက်သွယ်မှုနည်းလမ်းအမျိုးအစားများ

in #blog7 years ago

Telecommunication ဆိုတာ သင်္ကေတတွေ၊ သတင်းစကားတွေ၊ စာသားတွေ၊ ပုံရိပ်တွေနဲ့ အသံတွေကို ဝါယာ၊ ရေဒီလိုလှိုင်းနဲ့ တခြားအီလက်ထရိုမက်ဂက်နက်တစ်နည်းပညာတွေကို အသုံးပြုပြီး ပေးပို့ဆက်သွယ်ကြတဲ့ စနစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေအရ ဒီကနေ့ခေတ်မှာလျှပ်စစ်သံလိုက်လှိုင်းတွေထုတ်လွှင့်ဆက်သွယ်ကြခြင်းဖြစ်သလို ရှေးအခါကတော့ မီးခိုးနဲ့အချက်ပြမှု၊ ဗုံနဲ့အချက်ပြမှု၊ ပုံသဏ္ဍာန်နဲ့ အချက်ပြမှု စတာတွေ ပါဝင်ပါတယ်။ ဒီအချက်ပြမှုနည်းလမ်းတွေက အလွန်အသုံးဝင်ခဲ့တဲ့ ရှေးနည်းလမ်းတွေဖြစ်ပြီး ဒီကနေ့ခေတ်မှာ တယ်လီဗေးရှင်း၊ ရေဒီယိုနဲ့ တယ်လီဖုန်းတွေကို အသုံးပြုပြီး ဆက်သွယ်လာကြပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွှမ်းမိုးထားဆုံး ဆက်သွယ်ရေးစနစ်ကတော့ အင်တာနက်ဖြစ်ပြီး ဆက်သွယ်ရေးစနစ်တိုးတက်မှုရဲ့ ထင်ရှားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ အဓိက ဆက်သွယ်ရေးနည်းလမ်းအမျိုးအစားတွေကတော့
၁။ E-mail၊
၂။ Fax၊
၃။ Instant messaging၊
၎။ Radio၊
၅။ Telephony၊
၆။ Television broadcasting
၇။ Videoconferencing၊
၈။ VoIP တို့ဖြစ်ပါတယ်။

၁။ E-mail

Electronic Mail လို့ခေါ်တဲ့ Email တွေကို ၁၉၆ဝ၊ ၁၉၇ဝ ခုနှစ်ဝန်းကျင်တွေက စတင်အသုံးပြုခဲ့ကြပြီး စာသားတွေအပြန်အလှန်ပေးပို့တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးနေဆဲဖြစ်ပါတယ်။

၂။ Fax

Facsimile ကို အတိုကောက်ခေါ်ဆိုတာဖြစ်ပါတယ်။ မိတ္တူ၊ ပုံတူကူးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တယ်လီဖုန်းနံပါတ်တွေကို အသုံးပြုကာ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်တာဖြစ်ပြီး fax စက်နဲ့ ပရင်တာတို့ ချိတ်ဆက်ကာ စာတွေပေးပို့တာဖြစ်ပါတယ်။

၃။ Instant messaging

အွန်လိုင်းချက်အမျိုးအစားတစ်ခုဖြစ်ပြီး အင်တာနက်ပေါ်ကနေ ပေးပို့ဆက်သွယ်ကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၎။ Radio

Radio ကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေကို အသုံးပြုပြီး ကြိမ်နှုန်းတွေနဲ့ ပြည်သူတွေဆီ ဒေတာတွေ ပေးပို့ဆက်သွယ်တဲ့ နည်းလမ်းဖြစ်တယ်။ အဓိကက အသံတွေ၊ တေးဂီတတွေကို ပေးပို့တင်ဆက်ကြတာဖြစ်ပါတယ်။

၅။ Telephony

ဒါကလည်း ကျယ်ပြန့်တဲ့ telecommunication ဝန်ဆောင်မှုတစ်ခုပါပဲ။ အသံတွေ၊ fax တွေနဲ့ ဒေတာတွေကို အီလက်ထရောနစ်စနစ်ကနေတစ်ဆင့် ထုတ်လွှင့်ပေးပို့တဲ့ စနစ်ဖြစ်ပါတယ်။

၆။ Television broadcasting

လေလှိုင်းကနေတစ်ဆင့် အရုပ်၊ အသံပေါင်းစပ်ထုတ်လွှင့်ပေးပို့တဲ့ စနစ်ဖြစ်ပါတယ်။ တီဗီလို့အများက သိကြပါတယ်။ ထရန်စမစ်တာလို့ခေါ်တဲ့ ထုတ်လွှင့်ရေးစက်တွေကနေ အရုပ်၊ အသံတွေကို ထုတ်လွှင့်ကြပြီး ဂြိုလ်တု၊ ကေဘယ်လ်၊ တာဝါစတာတွေအသုံးပြုကာ အသုံးပြုသူတွေထံပေးပို့တာဖြစ်ပါတယ်။

၇။ Videoconferencing

ဒါကတော့ အရုပ်၊ အသံတွေအသုံးပြုလို့ရတဲ့ ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာကို ချိတ်ဆက်ကာ ရုပ်မြင်အသံကြားပြီး တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၈။ VoIP

ဒါကတော့ အသံ၊ fax၊ စာတို၊ အသံပေးပို့ခြင်းတွေကို အင်တာနက်ပေါ်ကနေ တစ်ဆင့် ပြုလုပ်နိုင်တဲ့ ဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်။ ဒီကနေ့အထိ အသုံးပြုနေကြဆဲဖြစ်ပါတယ်။

iStock_000049266740_Medium-56b097713df78cf772cfe49f.jpg

credit photo
www.google.com