Blockchain Wallet သုံးသူတိုင်း မိမိအကောင့် လုံခြုံစေဖို့

in #blockchain7 years ago

Blockchain Wallet သုံးတယ်ဆိုရင်တော့ မိမိ Account လုံခြုံဖို့ အောက်က အချက်တွေလုပ်ထားဖို့လိုပါတယ် ...

Blockchain Wallet ကို Mobile Version အပြင် Web Version အနေနဲ့ပါသုံးလို့ရပါတယ်၊ မိမိ Account လုံခြုံဖို့အတွက်လုပ်ရမယ့်အချက်တွေကိုတော့ Web Version မှာသာ လုပ်လို့ရပါမယ်၊ ဒါကြောင့် Mobile Version သုံးသူတွေပါ App ရဲ့ Setting ထဲမှာရှိတဲ့ Web Version ဆိုတာကိုနှိပ်ပြီးလုပ်ကြဖို့ အကြံပေးချင်ပါတယ်၊

Blockchain Web Version ထဲရောက်တာနဲ့ Security Center ဆိုတာ နှိပ်လိုက်ပါ၊ Level 3 ခု ခွဲထားတာ တွေ့ရပါမယ်၊

Level 1 Security ကတော့ Wallet ထဲမှာ ရှိတဲ့ သင့်ရဲ့ BTC တွေ ဆုံးရှုံးခြင်းကနေ ကာကွယ်ဖို့ပါ၊

  • Email Verify လုပ်ပါ၊
    သင့် Account ကိုတစ်ယောက်ယောက်ခိုးဝင်တာဖြစ်ဖြစ် တစ်ခုခု Error ဖြစ်ရင်ဖြစ်ဖြစ် Email ပို့မှာမို့ပါ၊

  • Phrase Backup လုပ်ပါ၊
    သူတို့ပေးတဲ့ စကားစု 12 လုံးကို နံပါတ်စဉ်လိုက် စာရွက်ထဲမှာ ချရေးပြီး မပျောက်အောက်သေချာထိန်းသိမ်းပါ၊ Phone ထဲမှာ Screenshot ရိုက်ပြီးသိမ်းတာ အန္တရာယ်များပါတယ်၊ Account ID နဲ့ ဒီ 12 လုံးသိတဲ့မည်သူမဆို သင့် BTC တွေကိုယူလို့ရတာမို့ပါ၊ Password မေ့တဲ့အခါ Blockchain မှာ Reset ချလို့မရပါဘူး၊ Forgot Password ဆိုတာလဲလုပ်လို့မရပါဘူး၊ အခုမှတ်ထားတဲ့ 12 လုံးကို သုံးပြီးတော့ပဲ Password မမှတ်မိတော့ရင်ဖြစ်ဖြစ် Error တစ်ခုခုဖြစ်ခဲ့ရင်ဖြစ်ဖြစ် ကိုယ့်ရဲ့ BTC တွေကို ပြန်ယူလို့ရမှာပါ၊

  • Hint Stored လုပ်ပါ
    သင့် Password က သင့်မွေးနေ့ဆိုရင် Hint ကို Birthday လို့ပေးထားပေါ့၊ Password မေ့တဲ့အခါ Hint တောင်းလို့ရပါတယ်၊

Level 2 Security ကတော့ တခြားတစ်ယောက် ကိုယ့်ရဲ့ Account ထဲ ခိုးဝင်ခြင်းကနေ ကကာကွယ်ဖို့ပါ၊

  • Mobile Linked လုပ်ပါ
    Desktop နဲ့သုံးသူတွေ အတွက်သာအကျုံးဝင်ပါတယ်၊ Pairing Code ကို ဖုန်းနဲ့ Scan ဖတ်ရုံနဲ့ Log in ဝင်စရာမလိုဘဲ Mobile Version အဖြစ်သုံးနိုင်မှာပါ၊

  • 2 Step ခံပါ
    Web Version သုံးမယ်ဆို Play Store မှာ Google Authenticator App ကို Down ဖို့လိုပါတယ်၊ Account Login လုပ်တိုင်း အဲ့ App က Code ကိုထည့်ဖို့လိုပါတယ်၊ Mobile Version ဆိုရင်တော့ Pin Number ခံထားပြီးသားမို့မလိုပါဘူး၊ ဒါပေမယ့် ဒီအဆင့်ကို လုပ်ထားသင့်ပါတယ်၊ တစ်စုံတစ်ယောက်က သင့်ရဲ့ ID နဲ့ Password ကိုသိပြီး Desktop ကနေ ဝင်ဖို့ကြိုးစားရင်တောင် ဒီ Code 6 လုံးမသိရင် မဝင်နိုင်ပြန်ပါဘူး၊ Code 6 လုံးက 10 စက္ကန့် 1 ခါလောက်ပြောင်းနေပါတယ်၊

Level 3 Security ကတော့ သင့် Wallet ရဲ့ လုံခြုံရေးပိုမိုခိုင်မာစေဖို့ပါ၊

  • Tor Blocked လုပ်ပါ၊
    Hacker အများစုက Tor Network ကိုသုံးပြီး အခြားသူတွေရဲ့ Account တွေကို ခိုးဝင်ပါတယ်၊ အဝင်ခံရတဲ့သူက ဘာမှတောင်သိလိုက်မှာမဟုတ်လို့ Tor ကို Block ဖို့လိုပါတယ်၊